ပန်းဖူးနွယ်ညွှန့်
မလွန့်သာအောင်
ကျောက်တောင်နှင့်ဖိ
သတ်လေဘိလည်း
ဘူမိမြေမှ
အမြစ်ကြွ၍
မိုးဝတိုင်ရောက်
တိုးဝင်ဖောက်သည်
အို . . . ကျောက်တောင်ကြီး
သင်သာရှက်ဖွယ်လိလိတည်း။ ။
ဒေါင်းနွယ်ဆွေ
မြရွက်လှေ ကဗျာများ ကဗျာစာအုပ်မှ
မြရွက်လှေ ကဗျာများ ကဗျာစာအုပ်မှ